Route S2 3
CLICK THIS ADS AND WAIT SECONDS
Bitcoin စျေးတွေ ဆက်တိုက်ထိုးကျနေပြီး အမေရိကန် စတော့စျေးကွက်ကြီးကတော့ စံချိန်တင် မြင့်တက်နေတဲ့ အခြေအနေကို ကြည့်ပြီး အဖွဲ့အစည်းကြီးတွေက Crypto ဈေးကွက်ထဲကနေ ငွေတွေ ဘာလို့ ရုတ်တရက်ဆွဲထုတ်သွားကြတာလဲဆိုတာ တွေးမိကောင်း တွေးမိပါလိမ့်မယ်။ ဂျပန်ဘဏ္ဍာရေး လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ SBI Holdings ရဲ့ CEO Yoshitaka Kitao ကတော့ အခုလို Crypto ဈေးကွက် ငြိမ်သက်နေတာဟာ ပြဿနာတစ်ခုခုကြောင့် မဟုတ်ဘဲ မကြာခင် ဝင်ရောက်လာတော့မယ့် အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေရဲ့ IPO တွေအတွက် ရင်းနှီးမြှုပ်နှံသူတွေက ကြိုတင် ငွေစုဆောင်းနေကြလို့ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။ Binance Research ရဲ့ အချက်အလက်တွေကလည်း ဒီအဆိုကို ထောက်ခံနေပြီး အဖွဲ့အစည်းကြီးတွေဟာ AI နဲ့ နည်းပညာကဏ္ဍတွေကို ပိုမို စိတ်ဝင်စားလာတဲ့အတွက် ပြီးခဲ့တဲ့ မေလလယ်ကစလို့ အမေရိကန် Spot Bitcoin ETF တွေဆီကနေ ဒေါ်လာ 4 ဘီလီယံနီးပါးအထိ ငွေတွေ စီးထွက်သွားခဲ့ပါတယ်။ တကယ်တော့ အခုလာမယ့် IPO တွေဟာလည်း စတော့ဈေးကွက် သမိုင်းတစ်လျှောက် အကြီးမားဆုံး ဖြစ်လာဖို့ ရှိနေပါတယ်။ SpaceX, OpenAI နဲ့ Anthropic ကုမ္ပဏီ 3 ခုတည်းရဲ့ စုစုပေါင်း တန်ကြေးဟာ ဒေါ်လာ 3.6 ထရီလီယံအထိ ရှိနေပြီး ဈေးကွက်ထဲကနေ ရန်ပုံငွေ ဒေါ်လာ 200 ဘီလီယံကျော်အထိ ရှာဖွေသွားဖို့ ရှိနေတာပါ။ အထူးသဖြင့် Elon Musk ရဲ့ SpaceX ဟာ လာမယ့် ဇွန်လလောက်မှာတင် ဒေါ်လာ 80 ဘီလီယံအထိ အရင်းအနှီး ရှာဖွေဖို့ ပြင်ဆင်နေသလို ၊ OpenAI နဲ့ Anthropic တို့ကလည်း ဒေါ်လာ 1 ထရီလီယံ ဝန်းကျင် တန်ကြေးတွေနဲ့ ဈေးကွက်ထဲ ဝင်လာဖို့ ရှိနေပါတယ်။ ဒီလောက် များပြားတဲ့ အရင်းအနှီးတွေကို ထည့်ဝင်နိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံသူတွေဟာ Crypto လို အန္တရာယ်များတဲ့ ပိုင်ဆိုင်မှုတွေကို အလုအယက် ရောင်းချပြီး ငွေသားအဖြစ် ပြောင်းလဲနေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက BlackRock ရဲ့ IBIT ETF ရှယ်ယာ ဒေါ်လာ 1.26 ဘီလီယံဖိုးကို သတ်မှတ်ဈေးထက် လျှော့ပြီး အမြန်ရောင်းချသွားတဲ့ ဖြစ်ရပ်ကလည်း အဖွဲ့အစည်းကြီးတွေရဲ့ ငွေသားလိုအပ်ချက် ဘယ်လောက် အရေးတကြီး ဖြစ်နေလဲဆိုတာကို သက်သေပြနေပါတယ်။ ဒီလို ကြီးမားတဲ့ ငွေကြေးစီးဆင်းမှုတွေကြောင့် Bitcoin ဈေးဟာ ဒေါ်လာ 66,983 အထိ ကျဆင်းသွားခဲ့ပေမယ့် Kitao ကတော့ Crypto ရဲ့ အခြေခံအဆောက်အအုံပိုင်းဟာ လုံးဝ ခိုင်မာမှုရှိဆဲပဲလို့ ယုံကြည်ထားပါတယ်။ ဒါ့အပြင် အခု လွှတ်တော်မှာ ရင်ဆိုင်နေရတဲ့ Clarity Act ဥပဒေသာ အတည်ပြုနိုင်ခဲ့ရင် Crypto လောကတစ်ခုလုံးအတွက် အကြီးမားဆုံး အလှည့်အပြောင်း ဖြစ်လာနိုင်ပြီး အထူးသဖြင့် Ripple လို ကုမ္ပဏီတွေ အများကြီး အကျိုးအမြတ် ရနိုင်တယ်လို့ သူက ထောက်ပြထားပါတယ်။ ကိုးလူတို့အနေနဲ့ရော လက်ရှိ Crypto ဈေးကွက် ကျဆင်းနေတာဟာ ဘဏ္ဍာရေးပညာရှင်ကြီး သုံးသပ်သလိုပဲ Wall Street က အဖွဲ့အစည်းကြီးတွေ AI နဲ့ အာကာသ နည်းပညာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ငွေလိုလို့ ခဏတဖြုတ် ရောင်းထုတ်နေကြတာ သက်သက်ပဲလို့ မြင်လား။ ဒါမှမဟုတ် တခြား မသိရသေးတဲ့ ဈေးကွက်ပြိုကျမှုတွေရဲ့ အစပျိုး လက္ခဏာတစ်ခုလို့များ တွေးမိကြလားဗျ။
အောက်ဆုံးတွင် pdf file ရှိသည်။