Sf 6

CLICK THIS ADS AND WAIT SECONDS

သူနဲ့ ဝေးသွားပြတ်သွားပြီး အရင်ကထက် ပိုလှ၊ ပိုတောက်ပ၊ ပိုအောင်မြင်သွားတဲ့ သူတွေကိုပဲ သူတို့က ပြန်နှမြောတာ။ သူထားခဲ့အတိုင်း မပြောင်းလဲဘဲ သူပြန်လာရင် တွေ့အောင် ဆိုပြီး နေရာမရွေ့တဲ့သူကို ဘယ်သူမှ ပြန်တွေ့အခါ နှမြောလို့စိတ်မဝင်ဘူး။ ဘာလို့လဲဆိုတော့ တန်ဖိုးတက်မလာလို့၊ ကိုယ်က တန်ဖိုးတက်မလာရင် ဘယ်သူ့မှ ကိုယ့်ကို ဆုံးရှုံးလိုက်လို့ နှမြောစိတ် ဝင်မှာ မဟုတ်ဘူး ။ ဒါကြောင့် သူပြန်လာရင် မတွေ့မှာ မကြောက်နဲ့ သူနဲ့ပြန်ဆုံတဲ့အခါ အရင်ကထက် ကိုယ်က ပိုတောက်ပလာတယ်ဆိုတာကို ပြနိုင်ဖို့က ပိုလိုတယ်။ သူထားခဲ့သလို နေနေတာက အရှုံးပဲ ။ သူပြန်လာရှာမတွေ့မှာ မကြောက်နဲ့ သူပြန်လာတဲ့အခါ မင်းက မတောက်ပနိုင်မှာကိုပဲ ကြောက်။ မင်းအောင်မြင်တောက်ပနေတာဟာ မင်းရဲ့ အကောင်းဆုံးတုံ့ပြန်မှုပဲ ။ သူ့ကိုထက် မင်းကိုမင်းပိုချစ်တယ်ဆိုတာကို ပြတာနဲ့ အတူတူပဲ။ သူ့ရဲ့မာနကို မင်းရဲ့ အလျှော့ပေးမှု၊ သိမ်ငယ်မှုနဲ့ အနိုင်ယူလို့မရဘူး ။ မင်းရဲ့ အရင်ကထက် ပိုရှင်သန်နိုင်ခြင်း၊ တန်ဖိုးမြင့်လာခြင်းကပဲ သူ့ရဲ့မာနကို နိုင်လို့ရမယ်၊ အဲ့ခါကျမှ ကိုယ်ကရှုံးတဲ့သူ မဟုတ်ဘဲ သူကပဲ အရှုံးသမားဖြစ်ကြောင်း သူသိသွားမှာ ။ ဆိုတာ့ မင်းဒီအတိုင်း သိမ်ငယ်စိတ်ရဲ့ နေခဲ့ရင် ဘယ်သူမှ မင်းကို လှည့်မကြည့်ဘူး။ ပြန်မလိုချင်ဘူး ။ သူမင်းကို ပြန်နှမြော ပြန်လိုချင် စေချင်ရင် မင်းဘက်က တန်ဖိုးမြင့်လာအောင်လုပ် ပိုလှလာအောင်နေ။ ဒါပဲရှိတယ်။ KNP

အောက်ဆုံးတွင် pdf file ရှိသည်။

📁
Premium Content

Click the button below to access your high-quality download file immediately.

Access Link