Dadcucctoson
CLICK THIS ADS AND WAIT SECONDS
ပြီးခဲ့တဲ့ လက အတန်းထဲမှာ ထိုင်းလူမျိုး သူငယ်ချင်းတယောက် ကျွန်တော် ဖတ်နေတဲ့ တွတ်ပီစာအုပ် ကျားဖြူတစ္ဆေ ကို စိတ်ဝင်စားသွားတာနဲ့ သူလဲ ဖတ်ကြည့်ချင်တယ်ဆိုပြီး ကျွန်တော့်ကို ဘာသာပြန်ခိုင်းတယ်၊ google translate နဲ့ ပြန်ပေးလိုက်လဲ ရတယ်ဆိုပေမယ့် ကျွန်တော်က တလွဲတွေဖြစ်မှာဆိုးလို့ ကိုယ်တိုင် တက်သလောက်နဲ့တော့သေချာဘာသာပြန်ပေးလိုက်တယ်၊ ဖတ်ကြည့်ပြီးတော့ သူလဲ ဇာတ်လမ်းကို တော်တော်ကြိုက်သွားတယ်။ အဲ့ဒါနဲ့ တခြား အဖြူကောင်ဘော်ဒါတွေကိုပါ ပေးပြီးဖတ်ဖြစ်တယ်၊ ဒီဘဲတွေကျ မုန်တိုင်းမင်းဒင် ရဲ့ ကာရိုက်တာကို ပိုပြီးကြိုက်ကြတယ်၊ ကျွန်တော်လဲ တိုင်ပတ်တာက မုန်တိုင်းမင်းဒင် ကို storm min din ဆိုပြီး ဘာသာပြန်မလို့ လုပ်မိသေးတယ်၊ နောက်တော့ ဖတ်ရတာ အဆင်မပြေတာနဲ့ mone dine min din ဆိုပြီးပဲ ထည့်လိုက်တယ်၊ ဒီဘဲတွေလဲ တဖြည်းဖြည်း တွတ်ပီဖန် ဖြစ်လာပြီ၊ ဒီလောက်မိုက်တဲ့ဇာတ်ကောင်ကို မင်းတို့ တခြားနိုင်ငံတွေက သိအောင် animation တွေ ဘာတွေ မလုပ်ဘူးလား မေးကြတယ်၊ ကျွန်တော်လဲ ရှားရှားပါးပါး ဟိုးအရင် စူပါကော်ဖီမစ် က စပွန်ဆာပေးခဲ့တဲ့ တွတ်ပီကာတွန်း ပဲ ပြလိုက်တယ်၊ ဒီဟာကလဲ ၁၅နှစ်ကျော်လောက်က ထုတ်ခဲ့တာလို့တော့ ရှင်းပြလိုက်သေးတယ်။ တကယ်တမ်းပြောရရင် တွတ်ပီက live action မဟုတ်ရင်တောင် 2D လောက်နဲ့ animation ကောင်းကောင်းလေးတွေ ရှိသင့်တာ ကြာပါပြီ၊ ဒါပေမယ့် ကုန်ကျစရိတ်ကလဲ နည်းမှာတော့ မဟုတ်ဘူး၊ တနေ့နေ့တော့ ဖြစ်လာမယ်ထင်ပါတယ်၊ သေချာတာကတော့ တွတ်ပီစာအုပ်တွေရဲ့ ဇာတ်လမ်း ဇာတ်ညွန်းတွေက လူအယောက် ၁၀၀မှာ ၉၀လောက်ကိုတော့ ဆွဲဆောင်နိုင်နေတုန်းပါပဲ။ #obcs
အောက်ဆုံးတွင် pdf file ရှိသည်။
