R S2 10
CLICK THIS ADS AND WAIT SECONDS
■ ကြောက်စရာကောင်းတဲ့ စစ်ကားဆိုတာ လက်(၅)ချောင်းစာတောင်မရှိပါဘူး။ ဒီထဲကမှ ဒီကိုရီးယား စစ်ကား သရဲကားကတော့ နံပါတ်တစ်ပေါ့။
War Horror ရုပ်ရှင်တွေက ရှားလည်းရှားသလို ရှိရင်လည်း Overlord တို့၊ Dead Snow တို့ Frankenstein Army တို့လို ဇွန်ဘီဆန်ဆန်တွေနဲ့ သိပ္ပံစမ်းသပ်မှုတွေကြောင့်ဖြစ်လာတဲ့ ဆိုးကျိုးတွေအကြောင်း ရိုက်ထားတာမျိုးတွေက များပါတယ်။
တကယ်ကို ထိတ်လန့်ခြောက်ခြားစရာကောင်းလောက်
အောင် စစ်မြေပြင်မှာခြောက်တဲ့သရဲတစ္ဆေတွေကြောင်း ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်မျိုးတွေကတော့ တော်တော်အရေအတွက်နည်းတာပါ။
R-Point ရုပ်ရှင်ကတော့ Jump Scare တွေလုံးဝမပါပဲ တခါကြည့်ပြီးရင် အမြဲတမ်းမှတ်မိနေလောက်အောင် သဘောကျစရာကောင်းတဲ့ ရုပ်ရှင်မျိုးပါပဲ။
ဇာတ်လမ်းကတော့ ၁၉၇၂ ဗီယက်နမ်စစ်ပွဲကာလကို နောက်ခံထားထားတာပါ။ ပျောက်ဆုံးသွားပြီး သေဆုံးသွားပြီလို့ ယူဆရတဲ့ ကိုရီးယားစစ်သားတွေဆီကနေ အကူအညီတောင်းတဲ့ ရေဒီယိုအချက်ပြလှိုင်း (SOS) တွေ မကြာခဏ လက်ခံရရှိနေတာကြောင့် ဗိုလ်ကြီး Choi Tae-in ဦးဆောင်တဲ့ စစ်သား ၉ ယောက်ဟာ အချက်ပြလှိုင်းတွေလာရာ Romeo Point (R-Point) ဆိုတဲ့ ကျွန်းပျက်ကြီးဆီကို လူပျောက်ရှာဖွေရေးအဖြစ် သွားရောက်ခဲ့ကြပါတယ်။
ဒါပေမဲ့ အဲဒီ R-Point ဆိုတဲ့ နေရာဟာ အတိတ်က သွေးစွန်းခဲ့တဲ့ သမိုင်းကြောင်းတွေရှိပြီး ကျိန်စာသင့်နေတဲ့ ဖုန်းဆိုးမြေကြီးဖြစ်နေတဲ့အခါမှာတော့ သူတို့ရဲ့ ရှာဖွေရေးမစ်ရှင်ဟာ တဖြည်းဖြည်းနဲ့ ကြောက်မက်ဖွယ်ငရဲဖြစ်လာပါတော့တယ်။
R-Point ဟာ ရိုးရိုးရှင်းရှင်း သရဲကားတွေထက် ပိုမိုနက်ရှိုင်းတဲ့ ဇာတ်အိမ်ရှိပြီး စစ်ပွဲရဲ့ အနိဠာရုံတွေနဲ့ လူသားတွေရဲ့ စိတ်အခြေအနေကို သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပေါင်းစပ်တင်ဆက်ထားတာပါ။
ဇာတ်ရှိန်တက်လာတာနဲ့အမျှ ဘယ်အရာက အစစ်အမှန်လဲ၊ ဘယ်အရာက စိတ်ချောက်ခြားမှုလဲဆိုတာ ခွဲခြားရခက်နေမှာမျိုးပါ။
ပတ်ဝန်းကျင်ရဲ့ အထီးကျန်မှု၊ စစ်ပွဲရဲ့ ဒဏ်ရာတွေနဲ့အတူ စစ်သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တဖြည်းဖြည်း ယိုယွင်းလာကြတဲ့ အခြေအနေကို ကြောက်မက်ဖွယ်အဖြစ်အပျက်တွေနဲ့ သေချာလေးပုံဖော်ထားတာပါ။
ဒီရုပ်ရှင်ထဲမှာ အရမ်းမိုက်တဲ့ ခြောက်တဲ့ပုံစံတစ်ခုလည်းရှိပါသေးတယ်။ Spoiler ဖြစ်မှာမို့မပြောတော့ပါဘူး။ ကိုယ်တိုင်ပဲ ကြည့်ကြည့်လိုက်ပါ။
ဇာတ်လမ်းထဲမျောဝင်သွားတာနဲ့ ရေဒီယိုက တဂျစ်ဂျစ်အသံကတောင် ကြောက်စရာကောင်းနေမှာပါ။
အာရှ Horror ကိုမှ စစ်ပွဲနောက်ခံနဲ့ ထူးထူးခြားခြားကြောက်ချင်တယ်ဆိုရင် ဒီကားကိုကြည့်ကြည့်ပါ။ အချိန်ပေးရကျိုးနပ်စေရပါမယ်။
#rpoint
Part 10