My Lver
CLICK THIS ADS AND WAIT SECONDS
👮♂️ရဲဖမ်းခံလိုက်ရတယ်ဟေ့ ဒီနေ့ ဘုတ်ဘုတ်ပဲ🤌 ဂျပန် မှာ ပထမဆုံးပဲ ဖြစ်ပုံက ဒီလိုကွာ ညနေဘက် 4 နာရီလောက် Customer တစ်ယောက်ကို အိမ်ပြပေးဖို့အသွား အိမ်သော့က 管理会社 မှာ သွားယူရမှာ အချိန်မှီအောင် ခပ်မြန်မြန်လေး သွားလိုက်တာ သိတယ်မို့လား ဂျပန်တွေက အချိန်တိကျတယ်တို့ဘာတို့ပေါ့ကွာ အဲ့ဒါနဲ့ လမ်းတစ်ဝက်လောက်ရောက်တော့ ကိုယ့်နောက်ကနေ ရဲကားတစ်စီးက ထိုးရပ်လိုက်ပြီး ခနလောက် စကားပြောချင်လို့ပါဆိုပြီး လှမ်းတားတော့ ကိုယ်လည်းရပ်နေလိုက်တယ် ဘာလို့လဲပေါ့ ပြန်မေးလိုက်တာ မေးမြန်စစ်ဆေးချင်ပါတယ်ဆိုပြီးပြောရော စစ်တာက ရပါတယ် ငါအလျင်လိုနေလို့ အမြန်လေးတော့ လုပ်ပေးပါလို့ပြောလိုက်တယ် သူကတော့ အကုန်စစ်တာဟေ့ အိတ်တွေရော ကဒ်တွေရော ခြေစွပ်တွေက အစ ဘာမှလည်း မတွေ့ရော ငါ့ကိုဘာလို့ စစ်တာလဲလို့မေးတော့ လှမ်းလျောက်တာ အရမ်းမြန်ပြီး အရမ်းအလျင်လိုနေတာကို မသက်ာလို့ပါတဲ့ ဟောဗျာ လှမ်းလျောက်မြန်တာနဲ့ပဲ ဖမ်းရလားကွာဆိုပြီး သူ့ကိုခပ်တည်တည်နဲ့ပြန်ပြောတော့ သူတို့မှားသွားပါတယ် တောင်းပန်ပါတယ်လုပ်ရော အဲ့ဆို ငါသွားတော့မယ်ပြောလိုကိတော့ ခနနေပါအုံးတဲ့ ကိုလည်း ဘာလို့လဲပေါ့ イケメン (Ikemen) ရုပ်ရည်ချောမောပြီး စမက်ကျတဲ့ ယောကျာ်းလေး လို့ပြောတာ) ဘယ်နိုင်ငံသားလဲဖြေပေးပါအုံးတဲ့ စိတ်ထဲပြုံးစိစိလေးတော့ ဖြစ်သွားပေါ့🤭 မြန်မာနိုင်ငံသားပါလို့ ပြောလိုက်တော့ အိုးးသိတယ်သိတယ်တဲ့ မြန်မာလူမျိုးတွေက စိတ်ထားကောင်းကြတယ်တဲ့ ခု စိတ်အနှောက်ယှက်ဖြစ်သွားရင်တောင်းပန်ပါတယ် イケメンတဲ့🤭 ပြုံးစိစိကြီးနဲ့ ပြန်လာခဲ့လိုက်တယ်🤭😂
အောက်ဆုံးတွင် pdf file ရှိသည်။
