Sf Lust 4
CLICK THIS ADS AND WAIT SECONDS
၂၀၂၃ ခုနှစ်တွင် စပ်ိန်သရုပ်ဆောင် တစ်ဦးဖြစ်သူ Ana Obregon ဟာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ပြီး အသက် ၆၈နှစ် အရွယ်မှာ အငှါးကိုယ်ဝန်ဆောင်နဲ့မိန်းကလေးငယ် တစ်ဦးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ် ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာက အဲဒီမိန်းကလေးငယ်ကို မွေးဖွားဖို့အတွက် ၂၀၂၀ ခုနှစ် အသက် ၂၇နှစ် အရွယ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတဲ့ သူမရဲ့ သားဖြစ်သူ Aless Lequio ရဲ့ အေးခဲထားတဲ့ သုတ်ပိုးဖြင့် သန္ဓေတည်ခဲ့တာပဲ ဖြစ်ပါတယ် သားဖြစ်သူ Aless Lequio ဟာ မကွယ်လွန်ခင် အချိန်တုန်းက မျိုးရိုးဆက်ခံလိုကြောင်းကို မိခင် ဖြစ်သူအား ထုတ်ဖော်ပြောကြားထားခဲ့ပြီး အဲဒီဆန္ဒကို ဖြည့်ဆည်းပေးရန်အတွက် မိခင်ဖြစ်သူ Ana ဟာ မျိုးဥအလှူရှင် ရလာတဲ့အချိန်မှာ အငှားကိုယ်ဝန်ဆောင်မှုတို့ကို အသုံးပြုပြီး မိန်းကလေးငယ် Ana Sandra ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ် တရားဝင် စာရွက်စာတမ်းများအရ Ana Sandra ဟာ Ana Obregón ရဲ့ သမီးအဖြစ် မှတ်ပုံတင်ထားပေမယ့် ဇီဝဗေဒအရတော့ သူမရဲ့ မြေးဖြစ်နေခြင်းကြောင့် လူမှုကွန်ယက်ပေါ်မှာ အမြင်ကွဲလွဲမှုတွေနဲ့ ဝေဖန်မှု များစွာ ထွက်ပေါ်ခဲ့ပါသေးတယ် သင်တို့ရော မိန်းကလေးငယ် Ana Sandra ဟာ သူမရဲ့ မြေးလို့ပြောရမှာလား? သမီးလို့ ပြောရမှာလား ဆုံးဖြတ်ပေးကြပါအုန်း

