မဟုတ်မခံ အင်းစက် Pdf file Download
CLICK THIS ADS AND WAIT SECONDS
ကြောက်စရာ မလိုတဲ့ အရာတွေတုန်း က မထိတ်လန့်ဖို့ ပြောခဲ့သလို ခု ကြောက်သင့်တဲ့ အရာ ကိုတော့ သတိထားရမယ့်အကြောင်း ပြောဖို့ လိုလာပါတယ်… သိနေပြီးလောက်ကြပေမယ့် ဘာကြောင့် စိတ်ပူတယ် ဆိုတာ အသေးစိတ် ပြောရမှာမို့ စာ နည်းနည်း ရှည်ပါမယ်… နီပါ ဗိုင်းရပ်စ် (Nipah Virus) ကူးစက်ရောဂါ အကြောင်းပါ… အိန္ဒိယ မှာ ဖြစ်နေပြီ ဆိုတော့ အိမ်နီးချင်း နိုင်ငံတွေ အိန္ဒိယ နဲ့ အသွားအလာ ရှိတဲ့ နိုင်ငံတွေ သတိထားနေကြရပါပြီ… စ စဉ်းစားရမှာက ကိုယ့်ဆီမှာရော ဖြစ်နေလား… ဖြစ်မှာလား… ဖြစ်နိုင်လား… ဆိုတာပါ… သေချာတာကတော့ အဲ့သည့် နီပါ ဗိုင်းရပ်စ် ကို သယ်ဆောင်ထားတတ်တဲ့ အသီးစား လင်းနို့တွေကတော့ မြန်မာ မှာလည်း ရှိနေပါတယ်… ကိုယ့်နိုင်ငံမှာတင် မဟုတ်ဘဲ အရှေ့တောင် အာရှ၊ တောင် အာရှ ဒေသတွေမှာ နီပါ ဗိုင်းရပ်စ် သယ်ဆောင်ထားတတ်တဲ့ အသီးစား လင်းနို့ အမျိုးအစားတွေ ရှိပါတယ်… နီပါ ဗိုင်းရပ်စ် က အသီးစား လင်းနို့ ကို ဘာမှ မဖြစ်စေပေမယ့် အသီးစား လင်းနို့ ရဲ့ တံတွေး၊ ဆီး၊ ဝမ်းတွေ မှာ ပါသွားပြီး အိမ်မွေး တိရစ္ဆာန်တွေ ဆီ ရောက်ပါတယ်… အဖြစ်များတာတော့ ဝက်ပါ… ဒါပေမယ့် ဆိတ်၊ နွား၊ ခွေးတွေ လည်း ပါပါတယ်… အိမ်မွေး တိရစ္ဆာန်တွေ ဆီ နီပါ ဗိုင်းရပ်စ် ရောက်ရင်တော့ ရောဂါ အဖြစ် ဖြစ်စေနိုင်ပါပြီ… ရောဂါဖြစ်နေတဲ့ အိမ်မွေး တိရစ္ဆာန်တွေ ကနေ လူ ဆီ ကူးစက် ပါတယ်… ပြီးရင်တော့ လူတစ်ဦး ဆီကနေ လူအများဆီ ကူးစက်နိုင်တော့တာပါပဲ… အဲ့သည်တော့ ကိုယ့်ဆီမှာလည်း သည် အသီးစားလင်းနို့ အမျိုးအစား ရှိနေတဲ့ အတွက် နီပါ ဗိုင်းရပ်စ် ပိုးကလည်း ရှိချင် ရှိနေခဲ့နိုင်မှာပါပဲ… အသီးစား လင်းနို့ ကနေ အိမ်မွေးတိရစ္ဆာန်တွေဆီ အိမ်မွေးတိရစ္ဆာန်တွေ ကနေ လူဆီ လူ ကနေ လူတွေဆီ မကူးစက်ခဲ့လို့ ဒါမှမဟုတ် သိသာလောက်အောင် မကူးစက်ခဲ့လို့ မသိခဲ့ကြတာမျိုးလည်း ဖြစ်ခဲ့နိုင်ပါတယ်… သတိထားမိစေချင်တာ နီပါ ဗိုင်းရပ်စ် ဆိုတာက ခု ဖြစ်နေတဲ့ အိန္ဒိယ မှာပဲ ရှိနေတာ မဟုတ်ဘဲ အသီးစား လင်းနို့ ရှိတဲ့ နေရာ ဒေသတိုင်းမှာ ရှိနေနိုင်တယ် ကိုယ့်ဆီမှာလည်း ရှိနေနိုင်တယ် ဆိုတာပဲ… နီပါ ဗိုင်းရပ်စ် က လူ ဆီ ရောက်ပြီ ဆိုတာနဲ့ လူ လူချင်း ကူးစက်စေနိုင်ပါပြီ… နီပါ ဗိုင်းရပ်စ် ကူးစက်ခံရပြီးရင် ခံစားရမယ့် ရောဂါလက္ခဏာ ပြင်းထန်မှု အခြေအနေ အဆင့် ကို ခု လို ခွဲကြည့်လို့ ရပါတယ်… ၁။ Asymptomatic / Very Mild ပိုး ကူးစက်ခံရပေမယ့် ရောဂါလက္ခဏာ ကို လုံးဝ မခံစားရတာဖြစ်ဖြစ် ရောဂါလက္ခဏာ ကို မသိမသာ ခံစားရတာဖြစ်ဖြစ် အခြေအနေမျိုးပါ… (ရောဂါပိုး ကူးစက်ခံ ရသူတွေရဲ့ ၅% လောက် က သည်လောက်ပဲ ခံစား ရပါတယ်) ၂။ Early Symptomatic / Mild ရောဂါ လက္ခဏာ စ ပြ ပေမယ့် ခပ်ပျော့ပျော့ သာမန် ဖျားနာ လက္ခဏာတွေပါ… ကိုယ်ပူမယ်၊ ဖျားမယ် ခေါင်းကိုက်မယ်၊ ခေါင်းမူးမယ် ကိုယ်လက် ကိုက်ခဲမယ် လည်ချောင်း နာမယ် မအီမသာဖြစ်မယ် ပျို့တာ အန်တာ ရှိနိုင်မယ် တခြား ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တဲ့ အဖျားရောဂါ ပုံစံပါပဲ… ၃-၄ ရက်လောက် ခံစားရပါမယ် (ရောဂါပိုး ကူးစက်ခံ ရသူတွေရဲ့ ၁၀-၂၀% လောက် က သည်လို ပုံစံ အခြေအနေမျိုး ခံစား ရပါတယ်) ၃။ Nipah Infection / Moderate ရောဂါ လက္ခဏာ ပြပြီး ၃–၅ ရက် လောက်မှာ မသက်သာသွားဘဲ ပိုဆိုးလာမယ်ဆိုရင် ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ပြလာနိုင်ပါတယ်… ကိုယ်ပူချိန် ပိုမြင့်လာမယ် ခေါင်းကိုက်တာ ပြင်းထန်လာမယ် အလွန်အမင်း ပင်ပန်းနွမ်းနယ်မယ် မူးဝေ ထိုင်းမှိုင်းလာမယ် အာရုံစူးစိုက်မှု လျော့နည်းလာမယ် စိတ်မမှန်တာတွေ ဖြစ်လာမယ် အမူအကျင့်တွေ ပြောင်းလာမယ် ⚠️ ဒါ အန္တရာယ်အရှိဆုံး သတိထားရမည့်အချိန် ပါ (ရောဂါပိုး ကူးစက်ခံ ရသူတွေရဲ့ ၃၅-၆၅% လောက် က သည်ပြင်းထန်မှုမျိုးတွေ ခံစား ရနိုင်ပါတယ်) ၄။ Severe / Critical Nipah Infection စဖျားပြီး ၄–၇ ရက် ကျော်ရင် အလွန်ပြင်းထန်တဲ့ အခြေအနေကို ပြောင်းလဲနိုင်ပါတယ် ဦးနှောက်ရောင်ရမ်းခြင်း (Encephalitis) စိတ်ရှုပ်ထွေးတာ စိတ်ထိန်းမရတာ စိတ်ယောင်မှားတာ အသိမှား အမြင်မှား ကယောင်ခြောက်ခြားဖြစ်တာ မိမိကိုယ်ကို မသိတော့တာ သတိလစ်တာ တက်တာ အသက်ရှူခက်ခဲတာ စတဲ့ ဦးနှောက်ထိခိုက်တာမျိုး အဆုတ်ထိခိုက်တာမျိုးတွေ ဖြစ်လာပါမယ် ➡️ ICU ကုသမှုမျိုး လိုအပ်လာနိုင်တဲ့ အလွန်အန္တရာယ်ရှိတဲ့ အခြေအနေပါ… (ပြင်းထန်တဲ့ အဆင့် နဲ့ အလွန် ပြင်းထန်တဲ့ အဆင့်ထိ ရောဂါ ခံစားရတဲ့ သူတွေ ရဲ့ ၄၅-၇၅% လောက်က အသက်သေဆုံးတဲ့ထိ ကြုံတွေ့ ရနိုင်ပါတယ်) ရှင်းအောင် ပြန်ပြောရရင် နီပါ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေရဲ့ ၅% က သိတောင် မသိလိုက်ဘူး ၁၀-၂၀% က သာမန် နေထိုင်မကောင်းသလောက်ပဲ ၃၅-၆၅% က ပြင်းပြင်းထန်ထန်ခံစားရမယ် ၅၀-၆၀% က အသက်ဆုံးရှူံးနိုင်တဲ့ထိ အန္တရာယ် ရှိမယ်… (အဲ့သည့် % တွေဟာ အဆင့်တစ်ခုစီမှာ Case severity rate ပြင်းထန်နှုန်း Case fatality rate သေဆုံးနှုန်း ဖြစ်နိုင်ချေ အနေနဲ့ ပြထားတာဖြစ်ပြီး အကုန်ပေါင်းတွက်ရင် ၁၀၀ ရ ရမယ့် ရာခိုင်နှုန်းကိန်းဂဏန်းတွေ မဟုတ်ပါဘူး…) ခြုံပြောရရင် ရောဂါ ကူးစက်ခံရသူ ၂ ယောက်မှာ ၁ ယောက် နှုန်းလောက် ပြင်းထန်တဲ့ အခြေအနေ နဲ့ အသက် ဆုံးရှူံးတဲ့ အခြေအနေ ထိ ရင်ဆိုင်ရနိုင်ပါတယ်… ဒါဟာ အခြား ကူးစက်ရောဂါတွေ နဲ့ မတူတဲ့ ပုံစံ ပါ… ၁၉၉၈ ကနေ ၂၀၂၄ ထိ ၂၆ နှစ်အတွင်း အရှေ့တောင် အာရှ နဲ့ အိမ်နီးချင်းနိုင်ငံတွေ မှာ ဖြစ်ခဲ့တဲ့ နီပါ ဗိုင်းရပ်စ် ဖြစ်ပွါးသေဆုံးမှု ကို နမူနာ ကြည့်ကြည့်လို့ ရပါတယ်… ၁၉၉၈-၁၉၉၉ အတွင်း မလေးရှား မှာ ၂၈၃ ယောက် ကူးစက်ခံရပြီး ၁၀၉ ယောက် သေဆုံးတယ်… (၃၉%) ၁၉၉၉ စင်္ကာပူ မှာ ၁၁ ယောက် ရောဂါဖြစ်ပွါးပြီး ၁ ယောက် သေဆုံးတယ်… (၉%) ၂၀၂၄ ဖိလစ်ပိုင် မှာ ၁၇ ယောက် ရောဂါဖြစ်ပွါးပြီး ၉ ယောက် သေဆုံးတယ်… (၅၃%) ၂၀၀၁ ကနေ ၂၀၂၃ အတွင်း အိန္ဒိယ မှာ ၁၀၂ ယောက် ရောဂါ ဖြစ်ပွါးပြီး ၇၄ ယောက် သေဆုံးတယ်… (၇၃%) ၂၀၀၁ ကနေ ၂၀၂၄ အတွင်း ဘင်္ဂလားဒေ့ရှ် မှာ ၃၄၁ ယောက် ရောဂါ ဖြစ်ပွါးပြီး ၂၄၂ ယောက် သေဆုံးတယ်… (၇၁%) သည် ၅ နိုင်ငံမှာ ၁၉၉၈ ကနေ ၂၀၂၄ အတွင်း နီပါ ဗိုင်းရပ်စ် ရောဂါ ဖြစ်ပွါးသူ ၇၅၄ ယောက် မှာ ၄၃၅ ယောက် အသက် ဆုံးရှူံးတဲ့ထိ ပြင်းထန်မှု ဖြစ်ခဲ့တယ်… ရောဂါ ဖြစ်သူတွေ ရဲ့ ၅၈% သေဆုံးခဲ့ရတယ်… ဒါက စာရင်းပြုစုထားတဲ့ တရားဝင် သေချာတဲ့ သူတွေပါ စာရင်း ထဲ မပါတာတွေလည်း ရှိကောင်း ရှိနိုင်ပါတယ် သည် အချက်အလက်တွေက hospital-based confirmed cases တွေကိုသာ စုထားတာဖြစ်ပြီး မသိမသာဖြစ်သွားတဲ့ mild cases တွေ မပါနိုင်ပါဘူး… ပုံမှန်ဆို သည်လို ကိန်းဂဏန်းတွေအကြောင်းပြောရတာ အတော် ငြီးငွေ့ပြီး စိတ်မပါပေမယ့် ခု ပြောပြနေရတာ က နီပါ ဗိုင်းရပ်စ်ရောဂါ ရဲ့ ပြင်းထန်မှု ပုံစံ ကို ပေါ်လွင်စေချင်လို့ပါ… နီပါ ဗိုင်းရပ်စ် က ကူးစက်နှုန်း အရ ဖြစ်ပွါးနှုန်း အရ အခြား ဗိုင်းရပ်စ်ရောဂါတွေ လို အထူးသဖြင့် ကိုဗစ်လို မများလှပါဘူး… ဒါပေမယ့် ကူးစက် ဖြစ်ပွါးခံရရင်တော့ သေဆုံးနိုင်တဲ့ထိ ပြင်းထန်မှု က ကြီးလွန်းပါတယ်… အသက် မသေဆုံးဘဲ ဦးနှောက် ထိခိုက်မှုကြောင့် ကိုယ်အင်္ဂါ မသန်စွမ်းဘဲ ကျန်ခဲ့တာတွေလည်း ရှိပါတယ်… ကြောက်စရာကောင်းတယ် ဆိုတာ အဲ့သည့် ပြင်းထန်မှု ကို ပြောတာပါ… ဖြစ်ရင်တော့ "သေပြီ ဆရာ" လို့ ပြောရမယ့် ရောဂါ မျိုးမို့ ဖြစ်မှာ စိတ်ပူ ရတာပါ… နီပါ ဗိုင်းရပ်စ် အတွက် ကာကွယ်ဆေး မရှိပါဘူး… နီပါ ဗိုင်းရပ်စ် ကို သတ်မယ့် ပိုးသတ်ဆေး မရှိပါဘူး… လိုက် ရှာမနေကြပါနဲ့… ကာကွယ်ဆေး ပိုးသတ်ဆေး မရှိဘူးဆိုပေမယ့် ကုစရာ ဆေးမရှိတာတော့ မဟုတ်ပါဘူး… ဖြစ်လာမယ့် ခံစားရမယ့် ရောဂါ လက္ခဏာတွေ ကိုတော့ သင့်ရာ သင့်ရာ ဆေးတွေ နဲ့ ကုလို့ ရပါတယ်… အချိန်မီဖို့ နဲ့ ခံနိုင်ရည် ရှိဖို့တော့ လိုတာပေါ့… စိတ်အချရဆုံး ကတော့ ကိုယ့်ကို ရောဂါ မကူးစက်အောင် နေနိုင်ဖို့ပါပဲ… လက်ဆေးရုံ Mask တပ်ရုံ လူတစ်ယောက် နဲ့ တစ်ယောက် လှမ်းလှမ်းနေရုံ ကိုယ်ခံအား ပြည့်ဝကောင်းမွန်အောင်နေရုံ နဲ့ သည် ပြင်းထန်တဲ့ ရောဂါကြီး မဖြစ်အောင် ကာကွယ်လို့ ရပါတယ်… ဖြစ်နိုင်ရင် လင်းနို့ ကို ရှောင် လင်းနို့ ထိထားတာ ကို ရှောင် တိရစ္ဆာန် အညစ်အကြေးတွေ ကို ရှောင် တိုက်ရိုက် ဖြစ်ဖြစ်၊ တဆင့်ခံ ဖြစ်ဖြစ် မထိတွေ့ မကိုင်တွယ်မိစေနဲ့… သည်တစ်ခါတော့ သည် နီပါ ဗိုင်းရပ်စ် (Nipah Virus) ဆိုတာကြီး က တကယ် ကြောက်ဖို့ ကောင်းပါတယ်… သတိထားဖို့ လိုပါတယ်… အဲ့သည်တော့ ကိုယ့် ကို မကူးစက်အောင် နေပါ… သူများကိုလည်း မကူးစက်အောင် နေခိုင်းပါ… ရှင်းရှင်းပြောရရင် ကိုယ်လည်း မဖြစ်စေနဲ့ သူများလည်း မဖြစ်စေနဲ့……ပေါ့။ ။ ဒေါက်တာ ခန့်ဝင်း
